သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရမည်းသင်းမြို့နယ်အတွင်း နွေစပါးစီမံကိန်းစိုက် တောင်သူများအတွက် ချေးငွေသဘောတူစာချုပ်၊ ချုပ်ဆိုးခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Mar 28,2023
ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ်အတွင်းရှိ နွေစပါးစီမံကိန်းစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဒါးသာစည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့ရှိ ဆန်စက်၊ ဆီစက်၊ စိုက်ပျိုးရေးဆေးဆိုင်နှင့် ဒေသကြက်မွေးမြူရေးခြံသို့ လာရောက်ကြည့်ရှု
Mar 28,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ညောင်လေးးပင်(ခစဖ)မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းနိုင်၊ ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးကျော်ဆန်းဦးနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အောင်စိုးမိုးကျေးရွာရှိရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်ဦးရဲမြင့်၏လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ လုပ်ငန်းရှင်က ဆန်စက်၊ ဆီစက်၊ စပါးအခြောက်ခံစက်၊ လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဝန်းသိုမြို့တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Mar 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ခန္တီး ပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Mar 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မင်းလှမြို့၊ရုံးရပ်မြောက်ရပ်ကွက် သာသနာ့ဗိမာန်၌ စတင်ဖြေဆိုလျက်ရှိသည်။
နောင်တရားဒေသထွက် ရွှေဖီဦးလက်ဖက်ခြောက် ဈေးကောင်းရရှိ
Mar 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ဒေသထွက် ရွှေဖီဦးလက်ဖက်ခြောက် ဈေးကောင်းရရှိလျက်ရှိကြောင်း လက်ဖက်ခြောက် ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးထံမှ သိရသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများအား မူလတန်းအဆင့် သင်ရိုးဘာသာရပ် မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများအား မူလတန်းအဆင့် သင်ရိုးဘာသာရပ် မွမ်းမံသင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၅၃)ပါး ဝင်ရောက်ဖြေဆို
Mar 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မင်းဘူးမြို့၊ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး စာမေးပွဲပထမရက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် (၅၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။