သတင်းများ

တနင်္သာရီမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Mar 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၊ (၁၇)ယူနစ်နှင့် ပတ်သက်၍ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆို
Mar 28,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမ ပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် ဘူးသီးတောင် မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့လည်(၁၂)နာရီအချိန်က စတင် ကျင်းပရာစာဖြေသံဃာများ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲအတွက် စတင်ပြင်ဆင်
Mar 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲအတွက် ယနေ့တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)တပ်ဦးကျောင်း၌ စတင်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့
မြင်းခြံမြို့တွင် နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ကျောက်မဲမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ၊ အမှတ် ၈ အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်ကစ၍ ကျင်းပပြုလုပ်လျက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့် ပထမပြန်ကြီးကြပ်ရေးဆရာတော်များ၏ ကြီးကြပ်‌မှုဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။