သတင်းများ

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပ
Apr 07,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ ရှေးရခိုင်ဘုရင်မင်းမြတ်နန်းတက် မဟာကျိန်သစ္စာရှင်ဘုရား ဒေသစာရီကြွချီ လှည့်လည်ပူဇော်
Apr 07,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီပရိယတ္တိစာသင်တိုက်၌ ကိမ်းဝပ်စံပယ် လျက်ရှိသော ရှေးရခိုင်ဘုရင်မင်းမြတ် နန်းတက်စဉ်က အဘိသေကမင်္ဂလာပွဲမှာ သစ္စာအဓိဌာန် ပြုပူဇော်ခဲ့သည့် ရာဇဘိသေက နန်းတက်မဟာကျိန်သစ္စာရှင် ဘုရားဆင်းထုတော် ဒေသစာ ရီကြွချီပူဇော်ခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်ပူဇော်ခံယူလျက်ရှိသည်။
လဲချားမြို့နယ် (Community Centre) ခန်းမတွင် လူငယ်နှင့်စာရိတ္တ အသိပညာပေး (Talk Show) ကျင်းပ
Apr 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လူငယ်နှင့်အောင်မြင်မှု အသိပညာပေး(Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
သရက်ချောင်းမြို့နယ်၌ ဒေသထွက် ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ စျေးကောင်းရရှိ
Apr 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဥ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဒူရင်းသီးပေါ်ချိန်ဖြစ်၍ ဒူးရင်းသီးများ ရောင်းချကြရာမှ စျေးကောင်းရရှိကာ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ရရှိကြောင်း ဥယျာဥ်ခြံ လုပ်ကိုင်သူတောင်သူများထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် သဘာဝဆိုးဆေးနှင့် Eco printing သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 07,2023
မိတ္ထီလာမြို့နယ် ရက်ကန်နှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သဘာဝဆိုးဆေးနှင့် Eco printing သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးဆွေးနွေး
Apr 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း (Talk   Show) ပြုလုပ်
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ပွဲတော်အကြောင်း ဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သူများ လက်အလှပန်း ချီဆွဲမှုများပြားလာ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူ များ ဘုရား၊စေတီ၊ သာသနိက အဆောက်အဦး ပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များ ပြားလာခြင်းကြောင့် မိသားစုဝင်ငွေအထိုက်အလျောက်ဝင်ငွေရှိလာကြောင်း သဗ္ဗညုဘုရားကြီး တောင်ဘက် အနော်ရထာနှစ်လမ်းသွားလမ်းကြီးဘေးတွင် လက်အလှပန်းချီရေးဆွဲနေသည့် မသူသူဝင်းထံကသိရသည်။