ဒိုက်ဦး မတ် ၂၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ညောင်လေးးပင်(ခစဖ)မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းနိုင်၊ ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးကျော်ဆန်းဦးနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အောင်စိုးမိုးကျေးရွာရှိရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်ဦးရဲမြင့်၏လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ရာ လုပ်ငန်းရှင်က ဆန်စက်၊ ဆီစက်၊ စပါးအခြောက်ခံစက်၊ လုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံဖြင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်သည် ဆီစက်၊ ဆန်စက်၊ စပါးအခြောက်ခံစက်လည်ပတ်နေမှုအား စပါးခွံစွန့်ပစ်ပစ္စည်းသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifire Power Plant)ထုတ်လုပ်၍ ကျေးလက်ဒေသများအထိ လျှပ်စစ်မီးနှင့်ဆန်စက်ငယ်များစသည့် အိမ်တွင်းစက်မှုလုပ်ငန်းများသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပပို့ကုန်အဖြစ်လည်း ဈေးကွက်ရရှိနိုင်ရေး ဆောင်ရွက်ရန်၊ ဆန်စက်လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ (Gasifire Power Plant)ဖြင့် လျှပ်စစ်ဓါတ်အား လျော့ချသုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာရှိ ကိုဝင်းနိုင်၏ ရွှေသီးအောင် စိုက်ပျိုးရေးဆေးဆိုင်သို့ ရောက်ရှိပြီး ပဲသီစိမ်းမျိုးစေ့များနှင့်စိုက်ပျိုးရေးသုံးဆေးပစ္စည်းများအားကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေလေးဆယ်ကျေးရွာရှိဦးတင်ထွဋ်မြင့်ကြက်ခြံသို့ရောက်ရှိကာ ဒေသကြက်များမွေးမြူထားမှုအား ကြည်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)