သတင်းများ

ဇေယျာသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်ဆိုင် ရာစွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 29,2023
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်ဆိုင် ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ချောက်မြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အ​​ခြေ​ခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်​ဆွေး​နွေးပွဲကျင်းပ
Mar 29,2023
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊အ​​ခြေ​ခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်​ဆွေး​နွေးပွဲကို ယမန်​နေ့နံနက် ၉ နာရီ အချိန်က ​ချောက်မြို့ အ.ထ.က(၁)​ကျောင်းမြရိပ်ညိုခန်းမ၌ ကျင်းပခဲ့သည်။
လွိုင်လင်မြို့တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 29,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လွိုင်လင်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်တွင် နွေးသီးနှံစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရေရရှိ၍ မြေပြင်ခြင်းဆောင်ရွက်
Mar 28,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာအတွင်း နွေသီးနှံပဲတီစိမ်းနှင့် နွေနှမ်းစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရေရရှိသည့်အတွက် စိုက်ပျိုးမြေပြင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့တွင် (၁၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် (၁၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။
ဖား​ဆောင်းမြို့၌ မြို့သန့်ရှင်းသာယာ​လှပ​ရေးစု​ပေါင်းသန့်ရှင်း​ရေးဆောင်ရွက်
Mar 28,2023
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံ​စေပြီး မြို့သန့်ရှင်းသာယာလှပ​စေ​ရေး၊ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​စေ​ရေးအတွက် အပတ်စဥ်စုပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်လျက်ရှိရာ ယ​နေ့နံနက် ၇ နာရီက​​​မြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး​​​ဟောင်း၊ စိုက်ပျိုးရေးရုံးဝန်ထမ်းအိမ်ရာ၊ သမဝါယမဂို​တောင်​စသည့်​နေရာများ၏ ဘေးပတ်ဝန်းကျင်တွင်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ် အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။