ပင်လောင်း မတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများအား မူလတန်းအဆင့် သင်ရိုးဘာသာရပ် မွမ်းမံသင်တန်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
မူလတန်းအဆင့်ဘာသာရပ် သင်တန်းတွင် မူလတန်းအကြို ဖွံ့ဖြိုးမှုနယ်ပယ်များဖြစ်သည့် ကာယ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှု၊ ဘာသာစကား၊ သိမှု(ဉာဏ်ရည်)၊ သူငယ်တန်း သင်ယူဖွံ့ဖြိုးမှု နယ်ပယ်များဖြစ်သည့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုး တိုးတက်ခြင်း၊ အပြန်အလှန်ပြောဆို ဆက်သွယ်ခြင်း၊ သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း၊ ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း၊ အနုပညာရသခံစားခြင်းနှင့်ဖန်တီးခြင်း၊ မူလတန်းသင်ယူမှု နယ်ပယ်များမှာ ကာပညာ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ အနုပညာ၊ ဒေသသင်ရိုးစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းကို သင်တန်းကြီးကြပ် (၅)ဦး၊ နည်းပြဆရာ/ဆရာမ (၄၃) ဦးတို့ဖြင့် သင်တန်းအား ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်မှ ၃၁ ရက်ထိ သင်ကြားပို့ချပေးသွားဖြစ်ပြီး၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ မူလတန်းပြ ဆရာ/ ဆရာမ (၁၂၉၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)