သတင်းများ

၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆပ်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 07,2023
၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီး (CAEXPO) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင်
Apr 07,2023
20th China – ASEAN Expo (CAEXPO) ကုန်စည်ပြပွဲကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းနင်းမြို့၌ ၁၆.၉.၂၀၂၃ မှ ၁၉.၉.၂၀၂၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ပါဝင်ပြသနိုင်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထား
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားတင်ပြလျှောက်ထားခဲ့သည်။
ဒဂုံမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှု​ကော်မတီမှ စံညီစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေးစည်း​ဝေး​ဆောင်ရွက်
Apr 07,2023
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယ​မန်နေ့​နေ့လယ် ၂ နာရီက စာကြည့်တိုက်​ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်​ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရာသီပေါ်သီးနှံဖြစ်သည့် မရမ်းသီးများဈေးကောင်းရရှိ
Apr 07,2023
ရာသီပေါ်သီးနှံဖြစ်သည့် နှစ်ရှည်သီးနှံပင် မရမ်းသီးများထွက်ပြီး ဆွတ်ရောင်းဝယ်လျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ  ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk  Show) ကျင်းပ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီခွဲက လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး
Apr 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ၂၀၂၂-၂၀၂၃ခုနှစ် သီးနှံများ တစ်သီး၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးနိုင်မည့်အခြေအနေများအား ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
လဲချားတွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Apr 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။