သတင်းများ

အရာတော်မြို့၌ လူဦးရေးစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူ
Jan 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက် ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်‌စေရေးအတွက် မြေပြင်စာရင်း ကွင်းဆင်းကောက်ယူ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာ များအလိုက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းအား ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ (Working Group) များဖွဲ့စည်း၍ မြို့နယ်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲစာရင်းများရရှိရန်အတွက်  မြေပြင်လူဦးရေစာရင်း  ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို  ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ  ၂၃ ရက်တာကာလအတွင်း လုပ်ဆောင် သွားမည်ဖြစ်ရာ  ယနေ့မနက်ပိုင်းတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့   အဖွဲ့ဝင်များ၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ  ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက  လူဦးရေစာရင်းကောက်ယူနေမှုများကို  ကွင်းဆင်းကြီး ကြပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက် (၁၀)ရက်အချိန်က အမှတ်(၃) ရပ်ကွက်တွင် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခဲ့ကြသည်။
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ် အ ထ က (ဆင်တဲ)ကျောင်း၌ မူးယစ်​ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် မွေးကင်းစအရွယ်မှအသက်(၁၀) နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံပေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးကင်းစအရွယ်မှအသက်(၁၀)နှင့်အတွင်းရှိကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကောက်ကွက် (၇)ကွက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်
Jan 10,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို၊ ယနေ့နံနက်၉နာရီက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ကျင်းပသည်။