သတင်းများ

ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း (မိုင်ယိုင်း)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့် ဆုချီးမြှင့်ပွဲတော် ကျင်းပ
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း) တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် စစ္စရံကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက်  ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်  ၁၂  နာရီက  ကံမမြို့နယ် စစ္စရံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌   ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍    ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား ကွင်းဆင်းစစ်ဆေး
Jan 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့တွင်အိမ် ထောင်စုလူဦးရေစာရင်းမြေပြင် ကွင်းဆင်းစာရင်းကောက်ယူမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီကစ၍ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၉) ရပ်ကွက်နှင့် အခြားရပ်ကွက်များသို့ မြေပြင်တစ်အိမ်တစ်ဆင်း အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများကို လိုက်လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည် မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်
Jan 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် ယ​မန်နေ့ ညနေပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ ရွှေညောင်ပင်သွား ကတ္တရာလမ်းဖွင့်လှစ်ပြီးစီးပြီဖြစ်သဖြင့် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေ
Jan 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရွှေညောင်ပင်သွား ကတ္တရာလမ်းကို ဇန်နဝါရီ ပထမပတ်က ဖွင့်လှစ်ခဲ့ပြီး ဝမ်ဟိုရမ်း၊ ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ကျူးနှင့် ဝမ်မိုင်ကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ သွားလာမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုင်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
မြို့သစ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားပြိုင်ပွဲများကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပညာရေးဌာနက ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လုံမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ များတွင် ကောက်ယူလျက်ရှိရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။