လဲချား ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက် (၁၀)ရက်အချိန်က အမှတ်(၃) ရပ်ကွက်တွင် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခဲ့ကြသည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက် အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ကွင်းဆင်း ကောက်ယူရေးအဖွဲ့တို့မှ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉)အုပ်စုတို့ရှိ လူဦးရေဆိုင်ရာစာရင်း အချက်အလက်များနှင့် မသန်စွမ်း(၅)မျိုး စာရင်းများအား ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ အဖွဲ့များခွဲ၍ တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)