မိုင်းကိုင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရွေးကောက်ပွဲတွင် မှန်ကန်သော မဲစာရင်းများရရှိရန်အတွက် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်တာကာလအတွင်း လုပ်ဆောင် သွားမည်ဖြစ်ရာ ယနေ့မနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက လူဦးရေစာရင်းကောက်ယူနေမှုများကို ကွင်းဆင်းကြီး ကြပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါစာရင်းကောက်ယူမှုတွင် မြေပြင်လူဦးရေစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိစေရန် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ၊ မသန်စွမ်း(၅)မျိုး စာရင်းကောက်ယူ ခြင်းလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သော စာရင်းကောက်ယူရေးအဖွဲ့ (၃၇)ဖွဲ့တို့ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၉)အုပ်စု၊ အိမ်ထောင်စုပေါင်း (၁၈၅၃၉)စု တို့၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ ကို တစ်အိမ်တက်ဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)