သတင်းများ

ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းပြီးကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ ဆောင်ရွက်
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster Dose) စတင်ထိုးနှံပေး
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ(၅)လပြည့်ပြီးသော အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတင်ထိုးနှံခြင်းကို ဆေးထိုးအဖွဲ့(၁၀)ဖွဲ့မှ သက်ဆိုင်ရာ ကျောင်းစုရပ်(၂၈)ကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များသည် သက် ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်းသွားရောက်ကာ သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်၌ လူဦးရေစာရင်းများ မှန်ကန်စေရေး မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေး အဖွဲ့များက စာရင်းများ စတင်ကောက်ယူလျက်ရှိ
Jan 10,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့စတင်၍ စာရင်းကောက်ယူရေးအဖွဲ့ (၆၇)ဖွဲ့ဖြင့် တစ်အိမ် တက်ဆင်း စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စွာရရှိရေး (Working Group) တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း စတင်ကွင်းဆင်း ဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင်  အိမ်ထောင်စုလူဦးရေ စာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်း မှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြို့ပင်)၌ ယမန့်နေ့ နံနက် (၁၁) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံ ပညာဦးစီးဌာန၊   အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦး  တက်ရောက်ခဲ့သည်။
ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း (မိုင်ယိုင်း)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲနှင့် ဆုချီးမြှင့်ပွဲတော် ကျင်းပ
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အခြေခံပညာမူလတန်းကျောင်း (မိုင်းယိုင်း) တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။