သတင်းများ

ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်    အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက    အဆိုပါကျောင်း၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ  အကြီးအကဲများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ     တက်ရောက်ခဲ့ကြသည်။
ကော့ကရိတ်မြို့၌ မူလတန်းအဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 10,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အမက(၅)အခြေခံ ပညာမူလတန်းကျောင်း၏  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့်‌ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jan 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့်‌ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အောက်အရွယ် ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေးထိုးနှံ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အသက် (၅)နှစ်မှ (၁၂)နှစ်အောက်အရွယ် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့မှစတင်၍ ထိုးနှံပေးလျက် ရှိသည်။
စဉ့်ကူးမြို့ ရွှေကူကြီးအခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ရွှေကူကြီးအခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းဆောင်ရွက်
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ စတင်ကောက်ယူလျက်ရှိသည်။
ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ခတ္ထိယ)ကျောင်းသို့ အသိပညာပေးဟောပြော
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (ခတ္ထိယ) ကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့ ကျေးလက်ထန်းတောင်သူများ  ထန်းလုပ်ငန်းခွင်ဝင်ရန်အတွက် ထန်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ရှိ ထန်းတောင်သူများ ထန်းလုပ်ငန်းခွင် အဆင်သင့်ဝင်နိုင်ရန် ထန်းရိုင်းပင်တန်းများနှင့်ထန်းလှီး၊ ထန်းတက်ချိန်တွင် ထန်းလျက်ကြိုချက်နိုင်ရန်စတင်ကာ ထန်းဖတ်များစုဆောင်းနေကြပြီဖြစ်ကြောင်း ထန်းတောင်သူများထံကသိရသည်။