ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ် အ ထ က (ဆင်တဲ)ကျောင်း၌ မူးယစ်​ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီး ရဲအုပ်ဝင်းလှိုင်တင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြော၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲမှူး မျိုးမင်းမှ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းနှင့်ပတ်သက်၍ ပြစ်ဒဏ်များဆိုင်ရာအသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ရဲမှူးမျိုးမင်း၊ ရဲအုပ်ဝင်းလှိုင်တင်၊ ဒုတိယမြို့နယ်ပညာရေးမှုး ဦးမြင့်ဆွေ၊ မြို့နယ်အဆင်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)