မိုင်းခတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ကောက်ကွက် (၇)ကွက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ စာရင်းကောက်ယူနေမှုအား မြို့နယ်မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ အတွင်းရေးမှူးမြို့နယ်(လဝက)ဦးစီးမှူး ဦးလှမြင့်နှင့်အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကောက်ယူနေမှုအား အနီးကပ်ကြီးကြပ်၍ အခက်အခဲရှိသည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့မှ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)