သတင်းများ

ဘူးသီးတောင်မြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပ
Jan 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
နတ်မောက်မြို့နယ် သာယာအေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍  သာယာအေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ  ပဉ္စမစက်ဝန်း ပြန်လည်ထုတ်ချေးခြင်းကို  ယနေ့နံနက် ၈ နာရီခွဲ အချိန်ခန့်က အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jan 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးသို့ တစ်ပြိုင်နက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကလောမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး ကောက်ယူရေး (Working Group) လုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်စွာရရှိစေရေး တိုက်ဆိုင်စစ်ဆေး ကောက်ယူရေး (Working Group) လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး မြို့ပေါ်ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စု (၃၀)တို့တွင် စတင်ဆောင်ရွက်ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုကို ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ စတင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွန်းဇံမြို့၌လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်း စတင်ဆောင်ရွက်
Jan 10,2023
ချင်းပြည်နယ် တွန်းဇံမြို့တွင် မြို့ပေါ်ရပ်ကွက်၊ ခေါ်လိုင်ဂိုးဇန်နှင့် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ လူဦးရေစာရင်းများအား မြေပြင်လူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ဆောင်ရွက်သည်။