ပေါက်ခေါင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်‌စေရေးအတွက် မြေပြင်စာရင်း ကွင်းဆင်းကောက်ယူ

ပေါက်ခေါင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာ များအလိုက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းအား ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ (Working Group) များဖွဲ့စည်း၍ မြို့နယ်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစာရင်းကောက်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများနှင့်အတူ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များ ပါဝင်သော (Working Group) အဖွဲ့များဖြင့် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူ‌မောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦး၊‌ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးတို့နှင့်အတူ မြေပြင်လူဦးရေစာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်‌ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီစာရင်းကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)