အရာတော်မြို့၌ လူဦးရေးစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူ

အရာတော် ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက် ခဲ့သည်။

အဆိုပါ ကွင်းဆင်းကောက်ယူခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုရပ်ထားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းခိုင်တို့က မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်မှာကြားသည်။

ထို့‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးမင်း၊ မြို့နယ်မြေပြင်ကွင်းဆင်း  စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့တို့က မြို့ပေါ်ရပ်ကွက်(၃) ရပ်ကွက်သို့ အဖွဲ့များခွဲကာ တစ်အိမ်တက်ဆင်း ကွင်းဆင်း‌ကောက်ယူခဲ့ကြောင်း သိရသည်။

မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂ အုပ်စုကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)