ကျောက်ဆည်မြို့တွင် မွေးကင်းစအရွယ်မှအသက်(၁၀) နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံပေး

ကျောက်ဆည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးကင်းစအရွယ်မှအသက်(၁၀)နှင့်အတွင်းရှိကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကာကွယ်ဆေးများထို အပတ်စဉ်အင်္ဂါနေ့နှင့်ကြာသာပတေးနေ့များတွင် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးများကို မွေးကင်းစအရွယ်တွင် အသည်းရောင်အဝါ(ဘီ)၊ (၂)လအရွယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၄)လအရွယ်တွင် ပြင်းထန် ဝမ်းပျက် ဝမ်းလျှော၊ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်၊ (၆)လအရွယ်တွင် ပိုလီယို၊ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၉)လအရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ (၁)နှစ်ခွဲအရွယ်တွင် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်ဂျိုက်သိုး၊ (၉)နှစ်အရွယ်နှင့်(၁၀)နှစ်အရွယ်တို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)