ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
ချောင်းဆုံမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း (ချောင်းဆုံ) ကျောင်း၊ သီရိရတနာခန်းမ၌ ယနေ့ နံနက်အချိန်က (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချောင်းဆုံမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးသိုက်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။