မိုင်းဆတ်မြို့၊ အ.ထ.က(ခွဲ)(လ-၁)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အ.ထ.က(ခွဲ) (လ-၁) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။

ရှေးဦးစွာ  အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်နှင့် ခရိုင်ပညာရေးမှူး ဦးအောင်ဇော်တို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က(ခွဲ)(လ-၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီက ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဆုရရှိသော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ အခမ်းအနားတက်ရောက်လာကြသည့် အမှတ်(၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ခေတ္တစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြင့်ကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးအားလွန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)