ချောင်းဦးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်နှင့် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်

ချောင်းဦး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်နှင့် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်း လုပ်ငန်းများကို ချောင်းဦးမြို့နယ်အတွင်းရှိ မြို့ ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ပါဝင်သော မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) သည်  အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန် စေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူလျက်ရှိရာ ထိုသို့ ဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရွှေတို့က လိုက်လံကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ ယမန်နေ့နံနက်၈နာရီခွဲ အချိန်မှစတင်ပြီး ညနေ၅နာရီအထိ စာရင်းကောက်အဖွဲ့ ၁၀ဖွဲ့ဖြင့် မြေပြင်တအိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ရာ အိမ်ထောင်စု၃၀၀အား စာရင်းကောက်ယူနိုင်ခဲ့ကြောင်း၊ ချောင်းဦးမြို့နယ်အတွင်း ရပ်ကွက်၆ခုနှင့် ကျေးရွာတစ်ရွာအား မြေပြင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ထိုသို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းများကို ဇန်နဝါရီ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပြီးသတ် ကောက်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)