လှည်းကူး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ် အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၁၀)နာရီက အထက(လှည်းကူး) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီက စုံညီပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တစ်ဦးချင်း၊ အဖွဲ့လိုက်အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)