သတင်းများ

ရပ်စောက်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working group မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်မှ စတင်ကာ ရပ်ကွက်(၈)၊ ကျေးရွာ(၁၃) အုပ်စုတွင် ကွင်းဆင်းဆောင်ရွက် နေကြောင်း သိရသည်။
ကွမ်းလုံမြို့နယ် Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Jan 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်လူရွယ်များ စာဖတ်ရှိန် တိုးတက်မြှင့်မားလာစေရန်နှင့် ဗဟုသုတကြွယ်ဝစွာရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 10,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင်တို့ ပူးပေါင်းကျင်းပသည့် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉ နာရီက ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ မြစိမ်းရပ်ကွက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြစိမ်းရပ်ကွက် မြစိမ်းကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်နှင့်အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၎င်းရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်တွင် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက် ၈နာရီအချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့်ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။