တံတားဦးမြိုတွင် မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများကွင်းဆင်းကောက်ယူ

တံတားဦး ဇန်နဝါရီ ၁၀

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းကစ၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု အခြေအေနေတို့ကို တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက e-ID အိမ်ထောင်စု စာရင်းများ  ပြည့်စုံမှန်ကန်စေရေး e-ID နိုင်(၄) မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လာရောက် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တံတားဦးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၁)အုပ်စု  စုစုပေါင်း(၆၄)အုပ်စုရှိပြီး (Working  Group) မြေပြင်အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ၂၀၂၃-ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်‌ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 ရဲတင့်(ပြန်/ဆက်)