တပ်ကုန်း ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရွှေမောင်းဂွက်အုပ်စုနှင့် အောင်သပြေကျေးရွာအုပ်စုတို့တွင် ယမန်နေ့နံနက် ၉ နာရီက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မောင်၊ အိုင့်ကျယ်ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမျိုးသွင်နှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရွှေမောင်းဂွက်ကျေးရွာအုပ်စုနှင့် အောင်သပြေအုပ်စု အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျေးလက်နေပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံခြင်း၊ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကလေးမိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များအား အာဟာရစောင့်ရှောက်မှုနှင့် ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ Routine EPI လုပ်ငန်း၊ U.S Weight ချိန်ခြင်းနှင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်း၊ Abate Campaign၊ NCD mobile clinic၊ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင် အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၁၀၈) ဆူအား ကျေးလက်နေ ပြည်သူများထံ ကြည်ညိုအပူဇော်ခံရန် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
တင့်တင့်