ကျိုက်မရောမြို့နယ်၌  အိမ်ထောင်စုလူဦးရေစာရင်း ဒုတိယနေ့ ဆက်လက်ကောက်ယူ

ကျိုက်မရော ဇန်နဝါရီ ၁၀

မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရော မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာသို့ ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုများကို မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးနှင့် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း  ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြ သည်။

ကျိုက်မရောမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၄ခု၊ ကျေးရွာအုပ်စု ၄၇ရွာ၊ တပ်ရင်း တပ်ဖွဲ့ ၄ဖွဲ့တို့၌ မြေပြင်စာရင်းကောက်ကွက်ပေါင်း ၉၄ ကွက်ရှိပြီး  အိမ်ထောင်စု လူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)