အမရပူရမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ ( Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူ
Jan 10,2023
အမရပူရမြို့နယ် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စု လူဦးရေ စာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၅၁ စုတို့တွင် စတင်ကောက်ယူခဲ့ရာ ၎င်း စတင် ကောက်ယူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်ဦးစီးမှူးဦးတင်ကိုကိုဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။