ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

ချောင်းဆုံ ဇန်နဝါရီ ၁၀

ချောင်းဆုံမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း (ချောင်းဆုံ) ကျောင်း၊ သီရိရတနာခန်းမ၌ ယနေ့ နံနက်အချိန်က (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ချောင်းဆုံမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးသိုက်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုသီတာနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ကျောင်းသား/ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်ချိုချိုသီတာက ပွဲတော်ပြုလုပ်ရ​ခြင်း ရည်ရွယ်ချက်အား ရှင်းလင်း​ပြော​ကြားသည်။

ဆက်လက်၍  ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး ဒုတိယမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် အတန်းလိုက်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ( ပြန်/ ဆက်)