အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် (GTHS) အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) သုံးထပ်ဆောင်စုဝေးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက၂၀၁၉-၂၀၂၂၀ ပညာသင်နှစ် (ဒုတိယနှစ်)နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(ဒုတိယနှစ်) (GTHS)စာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။