ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရပ်ကွက်(၁၅)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်း ကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ် (Working  Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ရပ်ကွက်/ မြေပြင်စာရင်း ကောက်ယူရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့၏ တစ်အိမ်တက်ဆင်း လူဦးရေ‌စာရင်းကောက်ယူနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည့်အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ရန်ကင်းမြို့နယ်တွင် ရပ်ကွက်(၁၅)ရပ်ကွက်၊ အိမ်ထောင်စု (၂၂၈၇၀)စုရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုလုပ်ငန်းကို ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ  တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)