သတင်းများ

သပိတ်ကျင်းမြို့နယ် အခြေခံပညာကျောင်းများမှ​ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်( ၅)နှစ်မှ( ၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့ အ.ထ.က၊တကောင်း အ.ထ.က၊ဝါးဖြူတောင် အ.ထ.က နှင့် ကျောက်လှည်းဘီး အ.လ.က တို့တွင် ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ်( Booster Dose) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကိုယမန်နေ့ နံနက်ပိုင်းကစတင်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ခုနှင့်ကျေးရွာပေါင်း ၁၈၂ ရွာတို့၌ ဆောင်ရွက်လျက်ရှိသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၂၆)အထကတွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
 မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁လမ်း၊ ၆၆x၆၇ ကြားရှိ  အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်း၊ တကောင်း သစ္စာခန်းမတွင်  ၂၀၂/၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ချောင်းသာ (အ.ထ.က) ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ထူးချွန်ဆုပေးပွဲ ကျင်းပ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြို့အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က (အ.ထ.က) ချောင်းသာကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူများက “စုံညီပွဲတော် တို့နွဲပျော်” သီချင်းဖြင့် တေးသရုပ်ဖော်ကပြ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်သည့် ညောင်ကုန်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ရွာတော်လေးကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဇန်နဝါရီလ ၉ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ အသက်(၅)နှစ်မှ (၁၂) ထိကျောင်းသား၊ကျောင်းသူများအားထပ်ဆောင်းကာကွယ်ဆေး ပထမအကြိမ်(Booster Dose) ဆက်လက်ထိုးနှံပေး             
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ၌ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး(၅)လပြည့်ပြီးသူ  အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊   ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးပထမအကြိမ် (Booster Dose) များထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းကစတင်၍ ဒေါင်းကျအခြေခံပညာမူလတန်းကျောင်းတွင်ထိုးနှံပေးလျက်ရှိသည်။
ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်  သံကူကွန် ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း(၇၀)ရာခိုင်နှုန်းပြီးစီး
Jan 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပေးခဲ့သည်။
လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေး
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယနေ့ နံနက် ၈နာရီခွဲအချိန်ခန့်က လမ်းမတော်မြို့နယ်‌‌ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးဌာနခွဲ-၁ ဗဟိုဌာနခွဲ၌ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို  စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။