စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ အသက်(၅)နှစ်မှ (၁၂) ထိကျောင်းသား၊ကျောင်းသူများအားထပ်ဆောင်းကာကွယ်ဆေး ပထမအကြိမ်(Booster Dose) ဆက်လက်ထိုးနှံပေး             

စဉ့်ကိုင်    ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ၌ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီး(၅)လပြည့်ပြီးသူ  အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊   ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးပထမအကြိမ် (Booster Dose) များထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ပိုင်းကစတင်၍ ဒေါင်းကျအခြေခံပညာမူလတန်းကျောင်းတွင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံခြင်းကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးဗိုလ်အောင် မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်တို့က ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ယဉ်နွယ်မြင့်  (ဦးစီးအရာရှိ)   (အခြေခံကျန်းမာ/ကျန်းမာပညာ)နှင့်ကျန်းမာရေး၀န်ထမ်းများက စနစ်တကျကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ ပင်းခြား အ-မ-ကကျောင်းနှင့် စက်ရုံနယ်မြေအခြေခံပညာမူလတန်းကျောင်းများတွင် ဆက်လက်ထိုးနှံပေးသွားရာ ကျောင်း သား၊ကျောင်းသူ(၄၈၃)ဦးထိုးနှံပေးခဲ့ကြောင်း ကာကွယ်ဆေးထိုးနှံရာတွင်ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး  ပထမအကြိမ်ပြည့်ထိုးနှံပြီး (၅)လပြည့်ပြီးသူ အသက်(၅)နှစ်  မှ (၁၂)ထိကျောင်းသား၊   ကျောင်းသူများအား  ဦးတည်အုပ်စုအလိုက်ကျောင်းများ သတ်မှတ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ယဉ်နွယ်မြင့်  (ဦးစီးအရာရှိ) (အခြေခံကျန်းမာ/ကျန်းမာပညာ)ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)