လမ်းမတော်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေး

လမ်းမတော် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယနေ့ နံနက် ၈နာရီခွဲအချိန်ခန့်က လမ်းမတော်မြို့နယ်‌‌ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးဌာနခွဲ-၁ ဗဟိုဌာနခွဲ၌ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို  စျေးနှုန်းချိုသာစွာဖြင့် လက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်၊ လူတစ်ဦးလျင်စားအုန်းဆီ ၂၅ကျပ်သား ကြက် ဥ(၁၀)လုံးတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းဇော်လင်း၊  မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်းနှင့်လမ်းမတော် မြို့နယ်အတွင်းရှိ (၁၃)ရပ်ကွက် ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက်နေ့စဉ် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျော်ဆန်းမြင့် (ပြန်/ ဆက်)