ဒိုက်ဦး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်းမှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကိုယမန်နေ့ နံနက်ပိုင်းကစတင်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ခုနှင့်ကျေးရွာပေါင်း ၁၈၂ ရွာတို့၌ ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ ကျေးရွာများမှအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအတွင်းရှိ အိမ်ထောင်စုလဦးရေ တစ်ခုချင်းစီအား မှန်ကန်သောစာရင်းရရှိရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)