သတင်းများ

ငါန်းဇွန်မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jan 10,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၌ လူဦးရေးစာရင်းမှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန် နေ့ နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရားမဝင်အိမ်သုံးဆေးဝါး အတုများနှင့် Very good တံဆိပ်ပါကော်ဖီမစ်များ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မစည်ပင်သာယာဈေးတွင် တရားမဝင်အိမ်သုံးဆေးဝါး အတုများနှင့် Very good အမှတ်တံဆိပ်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့မစည်ပင်သာယာဈေး တာဝန်ခံတို့က ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာကျောင်း အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆု​​ပေးပွဲကိုယနေ့ နံနက်၉ နာရီခွဲအချိန်က အ​ခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။    
ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်
Jan 10,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊  စာပေချစ်မြတ်နိုးသူပြည်သူများသို့  ဗဟုသုတ ရရှိစေမည့်  စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက  သ/မ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။
မ‌‌ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကမကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့တွင်း ဦးသီရိလမ်း ကတ္တရာကွန်ကရစ် (AC) လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 10,2023
(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ဦးသီရိလမ်း ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
သံဖြူဇရပ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 10,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြို ကျောင်းမှရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း ၂၀၂၂ - ၂၀၂၃ခုနှစ် မန္တလေးတိုင်းဒေသကြီး  ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၆၈x၇၃လမ်းကြား၊ ၁၀၂x၁၀၇ လမ်းကြားရှိ မန္တလာသီရိအားကစားကွင်း၊ MULTIPURPOSE STADIUM တွင် ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၂- ၂၀၂၃ခုနှစ် မန္တလေးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။