ချမ်းမြသာစည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁လမ်း၊ ၆၆x၆၇ ကြားရှိ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်း၊ တကောင်း သစ္စာခန်းမတွင် ၂၀၂/၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုက ပညာရေး စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးကျောင်း (၃) ကျောင်းနှင့် လူရည်ချွန်ဆုရ ကျောင်းသား/သူများ၊ အားကစားထူးချွန်သူကျောင်းသား/သူများတို့အား အဖွဲ့ဝင်(၂) ဦးဇော်ဝင်းနှင့် တာ၀န်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသား/သူများမှ နှလုံးသားကို အလှဆင်ပါ သီချင်းဖြင့် ဖျော်ဖြေပြီးနောက် တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများ ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ခင်စိမ်း၀င်း ( ပြန်/ဆက်)