သပိတ်ကျင်း ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်( ၅)နှစ်မှ( ၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့ အ.ထ.က၊တကောင်း အ.ထ.က၊ဝါးဖြူတောင် အ.ထ.က နှင့် ကျောက်လှည်းဘီး အ.လ.က တို့တွင် ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ်( Booster Dose) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများမှ ကျောင်းသား/ ကျောင်းသူ( ၃၅၀) ဦးတို့အား သက်ဆိုင်ရာ ကျောင်းများအလိုက် တတိယအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
သပိတ်ကျင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနံရန် ကျောင်းသား/ ကျောင်းသူ (၃၇၃၂) ဦး လျာထားသတ်မှတ်ထားပြီး သတ်မှတ်ချက်ပြည့်မီအောင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)