နွားထိုးကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

နွားထိုးကြီး ဇန်ဝါရီ ၁၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ ဝင်သော စစ်ကြောင်း()ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီက အမှတ်()ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မွန်လွဲပိုင်းတွင် အမှတ်() ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး  မြို့နယ်စီမုံပ်ချုပ်ရေးအဖွဲ့ ဦးအောင်နိုင်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်နှင့် ဦးတည်ချက်များ()ရပ်အား ကျယ်ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ဒု-ဦးစီးမှူး ဒေါ်ထိန်ထိန်ဝင်းက ၂၀၂၃ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ PR စနစ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များအား ပြည်သူများသိရှိ နားလည်အောင် ရှင်းလင်းဆောင်ရွက် ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏ လုပ်ငန်းနှင့်သက်ဆိုင်သော လုပ်ငန်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်