ကွမ်းခြံကုန်း ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက်ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကွမ်းခြံကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ ကျေးစာရေး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့ (၁၁၆) ဖွဲ့ဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲတင့်၊ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများတွင် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ ဆက်)