ရွှေတောင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးထွဋ်က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဘက်စုံပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူလေးများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး သီရိသုဓမ္မ ဒေါ်ယဉ်ကြွေနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်မြန်မာ" သီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနား ကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)