တွံတေးမြို့နယ်၌ မြေပြင်စာရင်းကောက်ယူမှုအိမ်ထောင်စု(၁၄၅၁၃)စု လူဦးရေး (၆၀၈၇၅)ထိ ကောက်ယူပြီးစီး

တွံ​တေး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးရန်အတွက် ရပ်ကွက်၊ ကျေးရွာများအတွင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ မြို့နယ် အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် ဒုတိယနေ့အဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ(၁၉၀)ဖွဲ့ဖြင့် ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိ ဇန်နဝါရီ၁၀ရက်နေ့ ကောက်ယူရာတွင် ထုတ်ပေးအိမ်ထောင်စုအရေအတွက် (၇၀၇၂၁)စုတွင် အမည်စာရင်းပါအိမ်ထောင်စုဖြင့် ကောက်ယူပြီးစီးမှုမှာ(၆၂၄၄)စုတွင် ကျား(၁၂၄၈၀)ဦး၊မ (၁၂၄၃၆) ဦး စုစုပေါင်း (၂၄၉၁၆)ဦး၊ အိမ်ထောင်စုပုံစံအလွတ်ဖြင့် ကောက်ယူရာတွင်အိမ်ထောင်စု (၂၂၄၃)စု၌ ကျား (၃၁၅၀) ဦး၊ မ (၃၅၇၉) ဦး စုစုပေါင်း (၆၇၂၉) ဦးကို()ရက်ကောက်ယူခဲ့ရာ အမည်စာရင်းပါအိမ်ထောင်စုနှင့် အိမ်ထောင်စုပုံစံအလွတ်ဖြင့် ကောက်ယူမှုပေါင်းမှာ အိမ်ထောင်စုပေါင်း (၁၄၅၁၃)စုတွင် ကျား (၂၉၂၀၈)ဦး မ(၃၁၆၆၇)ဦး စုစုပေါင်းလူဦးရေ (၆၀၈၇၅)ဦး ဒုတိယနေ့၌ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရာ နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်ကျေးရွာများ အလိုက်လိုက်လံ ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)