ဘုတ်ပြင်း ဇန်နဝါရီ ၁၁
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စီးနှင်းမောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်နိုင်ရေး ပူးပေါင်းအဖွဲ့များဖြင့် အသိပညာပေး ဆောင်ရွက်ခြင်း ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိဘဏ်လမ်းဆုံ၌ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘုတ်ပြင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက မော်တော်ကားမောင်းသူများ ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်မှု ရှိ၊ မရှိ၊ မော်တော်ဆိုင်ကယ်မောင်းသူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်အသုံးပြုနိုင်ရန် သိရှိလိုက်နာစေရေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)