ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် အသိပညာ ဗဟုသုများ ရရှိစေရန် ယနေ့နံနက်၉နာခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သန့်ရှင်းကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့အတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းနည်းများကို ဝိုင်းဝန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းစံက  လေထုညစ်ညမ်းမှုဆိုသည်မှာ လေထုအတွင်း မလိုလားအပ်သော ဓာတ်ငွေ့များပါဝင်မှုကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုသည် သဘာဝနှင့် လူသားတို့ ပြုလုပ်သော အရင်းအမြစ်နှစ်ခုမှ ဖြစ်ပွားရခြင်းဖြစ်ပါကြောင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် မီးတောင်ပေါက်ကွဲခြင်းတို့မှ ထွက်ရှိလာသော ဓာတ်ငွေ့များသည် သဘာဝအရင်းအမြစ်များမှ ဖြစ်ပွားသော  လေထုညစ်ညမ်းမှုဖြစ်ရာ  လေထုညစ်ညမ်းမှု မဖြစ်ပွားစေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန်လိုအပ်ကြောင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးသော အနာဂတ်ဆီသို့ ပြောင်းလဲဖော်ဆောင်ရေး ဆောင်ရန် ရှောင်ရန်အချက်များ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်တင်ထွေး