သတင်းများ

တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံအဖြစ် ကုလားပဲကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိ
Jan 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်ဖြင့် နွားထယ်၊ ထွန်စက်ထယ်များ အသုံးပြုပြီး ဆောင်းသီးနှံအဖြစ် ကုလားပဲများကို ဧက(၈၅၀) လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံ
Jan 12,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား/သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက သက်ဆိုင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အ.ထ.က(၂၇) အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jan 12,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က တံတားဦးမြို့ အင်းဝခန်းမတွင် ကျင်းပကြောင်း သိရသည်။
သံတွဲမြို့ အ.ထ.က (ခွဲ) မြို့မကျောင်း ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား
Jan 12,2023
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ သံတွဲမြို့ အ.ထ.က (ခွဲ)မြို့မ ကျောင်း၌ ၂၀၂၂- ၂၀၂၃ ဩပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ အ-ထ-က(၄)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ-ထ-က(၄)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေ စာရင်း မြေပြင်ကွင်းဆင်း ဆက်လက်ကောက်ယူ
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ကျောက်တံတားမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်း ဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှအိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်း ဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက် လုံးအားတစ်ပြိုင်နက် ကောက်ယူခဲ့သည်။
ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင်စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသောနေကြာမျိုးများ ဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များနှင့် စိုက်ပျိုးနည်းပညာများကူညီပံ့ပိုးပြီး ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၂၉)၏ စိုက်ပျိုးမြေ(၁၀၀)ဧကတွင်စိုက်ပျိုးထားရှိရာ ကျီးအိပ်ကျေးရွာ တောင်သူဦးကြည်ဋ္ဌေး စိုက်ပျိုးထားသော မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။