မှော်ဘီမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေးဆောင်ရွက်
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းမှန်ကန်စွာ ရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် များပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်း ကောက်ယူရေးကို (၉.၁.၂၀၂၃)ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်(၈)နာရီမှစတင်ကာ မှော်ဘီမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်အုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦး ရေစာရင်းများကိုတာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူ လျက်ရှိသည်။