ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်(၂၀၂၃)ကျင်းပမည်
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ချယ်ရီပန်းပွဲတော် ၂၀၂၃ ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ လွိုင်မွေတောင်စခန်း၊ စတုရဌသုမင်္ဂလာစေတီတော်အနီး၊ ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။