စလင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူ
Jan 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုမိသားစုအတွင်းရှိသည့် လူတစ်ဦးခြင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းခြင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက စလင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။