မြင်းခြံမြို့ အ-ထ-က(၄)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

မြင်းခြံ ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ-ထ-က(၄)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အလယ်တန်းကျောင်းသား/သူများက “ပညာရေးစုံညီပွဲတော်”  သီချင်းဖြင့်သီဆိုပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်နှင့်ကျောင်းတွင်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ ခရိုင် ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ၊ ဆရာမများက ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

ထို့နော် ကျောင်းသား၊ ကျောင်းသူများမှ အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး Grade-9 ကျောင်းသား၊ ကျောင်းသူက “မြန်မာ့ကျောင်းသီချင်း” ဧည့်ခဲ့ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်စွာ