ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆွေးနွေးဆောင်ရွက်
Jan 12,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က ညောင်ဦးမြို့နယ် ၊ကမ္ဘားနီကျေးရွာ၊ အုပ်စု၊ ညောင်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းဝင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။